Monday, April 25, 2011

မဟာရန်ကုန်

မဟာရန်ကုန်
မဟာရန်ကုန်နဲ့ ကျွန်တော်တို့ စကားဆိုတတ်ကြသည်။
မည်သည့်တွက် မဟာ တပ်ရပါသလဲလို့ ပြန်စဉ်းစားတော့
မဟာတွင်လောက်သည့် ကိစ်စဆိုတာ ကိုယ်ဝန်သည် ကလေး
မွေးသလို မဟာဒယား ညစ်ထုတ်တွေးတော ဆွဲယူရသည်။

စီးပွါးရေးကြပ်တည်းမှု၊ ပညာရေးနိမ့်ကြမှုတွေနဲ့ တစ်ရပ်ကွက်လုံး
စရင်းကောက်ကြည့်ရင် အိမ်ထောင်ဦးစီးလောက်သာ အလုပ်အကိုင်
ရှိကြသည်။ လူငယ်အများစုသည် အလုပ်လက်မဲ့ဘ၀ဖြင့် ဘွဲ့ဓါတ်ပုံ
အိမ်ခန်းချိတ်ကာ သင်တန်းများတွင်သာ အပြေးအလွှား။ စီးပွါးရေးပြေလည်
သူအများစုမှာ အင်္ဂလိပ်စာသင်တန်း၊ကွန်ပျူတာသင်တန်း၊
အကောင့်တင်းသင်တန်း၊ဂရက်ဖစ်လေးလဲတတ်အုံးမှ စသည်ဖြင့်
ဘယ်ဆီနေမှန်းမသိသော အလုပ်တစ်နေရာစာအတွက် ကြုံလာရင် လုပ်တတ်သည်
ဆိုနိုင်ဖို့ရာ အသုတ်စုံသင်တန်းတတ်ကြသည်။

မပြေလည်သူများကြတော့
အရောင်းစာရေးလုပ်မလား၊ ကားမောင်းမလား၊ ပစ်စည်းပို့မလား၊ ၀ိတ်တာလုပ်မ
လား၊ နောက်ဆုံး ဆိုဒ်ကားနင်းမလား၊ စပယ်ယာလုပ်မလားပေါ့။ ရွေးချယ်စရာ
အလုပ်ဆိုတာ သိပ်မရှိလှဘူး။ အများစုမှာ အလုပ်၏ရွေးချယ်ခြင်းကိုသာ
ခံကြရသည်။ ဒီလိုအနေအထားမှာ အလုပ်ရှိပြီးရော လုပ်ကြရသည်။ သို့သော် လခ
သည် အလွန်နည်းသဖြင့် ကားခ လက်ဖက်ရည်ဖိုး လောက်သာ ကာမိသည်။
မလုပ်ပြန်လည်း အိမ်တွင် လူပိုဖြစ်နေပြန်သည်။ သူငယ်ချင်းပြောတာ ပြန်ပြောရရင်
ကားခကို တလစာစု ပြီး လကုန်ရင် ပြန်ရသလိုပါဘဲကွာတဲ့။
ဒီမှာတော့ ငါတို့ဘ၀က မနက်စောစောထ ကားဂိတ်သွား၊ စပယ်ရာ
အော်ငေါက်တာခံပြီး ရုံးမှာခိုင်းတာလုပ်၊ အိမ်ပြန်ရောက်တော့ မိသားစုအရေးတွေမှာ
ဟိုကိစ်စ၊ဒီကိစ်စ မပြေလည်တာသောင်းခြောက်ထောင်နဲ့
တရက်ပြီးတရက်ပါဘဲတဲ့။ သူငယ်ချင်းရေ ဒီလိုပါဘဲကွာထက် ကျွန်တော်မှာ သူ့ကို
နှစ်သိမ့်စရာ စကားရှာမတွေ့ဘူး။

လက်ဖက်ရည်ဆိုင်ထိုင်တော့ ဒီတစ်ခါ ငါတိုက်ပါ
မယ်ကွာတဲ့။ နှစ်ရာတန်လေးရွက်ပါလာတယ်။ တော်တော်လေးနွမ်းပြီး
တိတ်ပတ်ထားတာ နေရာအနှံ့။ မင်းပိုက်ဆံ ဆိုင်ကယူပမလား ပြောတော့
ဒါမှ မယူရင် ရောင်းရမှာ မဟုတ်ဘူးမောင် ဒါမျိုးတွေဘဲ ရှိတော့တာ။
ဒီပိုက်ဆံကိုကြည့် စပါယ်ယာလက်ထဲကို ဘယ်နှစ်ကြိမ်ရောက်ပြီးပြီလဲ ဆိုတာ။
ငါတို့အတွက် တစ်ခြားအသုံးဆိုတာ သိပ်မရှိပါဘူးကွာ၊ ကိုယ်ရတာနဲ့ပြန်သုံးတာ
ကြည့်ရင် ဘက်စ်ကားခလောက်သာ ပုံမုန်သုံးတယ် ရှိကြတာ။ တခါတရံလကုန်ရက်
လောက်တော့ ပစ်စည်းအသေးအမွှားလေးတွေလောက်သာ ကိုယ့်အတွက်
ဝယ်ဖြစ်တာ။ ဒီလာတော့တောင် လမ်းမှာ တစ်ရာ ဆုံးသွားသေးတယ်။
ကျွန်တော်က ဘာလို့လဲ မေးမိသည်။ အကြွေရှားတာပေါ့ကွာ။ ကားခက
တစ်ရာကျတယ်။ ကားစပါယ်ယာက တစ်ထောင်ပေးတာ ရှစ်ရာသာ
အကြွေရှိတယ်။ ညီလေးရှစ်ရာယူ တစ်ရာကို ပိုက်ဆံပွတ်မယ် နိုင်ရင်
တစ်ထောင်ပြန်ရမယ်။ မနိုင်ရင် ရှစ်ရာပေါ့။ အဲဒါ ပိုက်ဆံပွတ်ပြီး ရှုံးသွားတာလေ
တဲ့။ အော် မဟာရန်ကုန်ရယ်ဆိုပြီး ရယ်မော ကြည်နူးခဲ့ရပါတယ်။

လမ်းထိပ်က ကွမ်းရာဆိုင်က ၀ိုက်ဘုတ်အဖြူလေးနဲ့ စာရင်းတွေ
ရေးထားတာတွေ့တယ်။ ဒါနဲ့စပ်ဆော့မေးမိတယ်။ အကိုကြီး အဲဒါ အကြွေးစာရင်း
လားပေါ့။ ညီးလေး အကိုအကြွေးရောင်းရင် နောက်နေ့ဆိုင်ထွက်နိုင်မှာ မဟုတ်ဘူး
ကွ။ အဲဒါ အကြွေစာရင်းကွ။ နားမလည်ဘူး အကို။ ဘာပြောတာလဲ ဆိုတော့
ဒါ အကြွေပြန်မအန်းနိုင်လို့ မှတ်တမ်းပြုထားတာဟု ရယ်မောကာဆိုသည်။
အော် အော်။ တခါက သတင်းဆိုဒ်က ဖတ်မိတဲ့ အကြွေမရှိလို့ စက်ကူအကြွေလုပ်
တဲ့သတင်းသာ သတိရမိတော့သည်။ နောက် ခုတလောကဘဲ ဖတ်လိုက်ရတဲ့
လက်တော့ပ် ရထားပေါ်မှာ သုံးမိလို့ တန်ဆာခဆောင်လိုက်ရတယ်ဆိုတာ။
အဲသည်လို ပြောဆိုရယ်မောဖို့ အကြောင်းတွေကလဲ စုံပါသည်။

နောက်သူငယ်ချင်းပြောပြတဲ့ ထောက်လှမ်းရေးသတင်း။ ဘက်စ်ကားက သိပ်ကြပ်
တယ်ကွ။ တခါတလေ ကိုယ်ပါ ထောက်လှမ်းရေးအထင်ခံရတယ်။ စပါယ်ယာက
အတင်းတိုးခိုင်းတော့လဲ ကိုယ်ပါဝင်တိုးရတယ်။ တခါတလေ
အမျိုးသမီးတယောက်ယောက်က ကိုယ့်လှည့်ကြည့်ရင် ငါပါထောက်လှမ်းရေးဖြစ်
နေလား ကိုယ့်အနေအထားကို ပြန်ကြည့်ရတယ်။ မဟာရန်ကုန်ရဲ့ ဘက်စ်ကားနဲ့
ထောက်လှမ်းရေးက အတော်အကြည့်ရဆိုးတဲ့ ကိစ်စပါပေ။ များသောအားဖြင့်
အသက်ကြီးကြီးပုပ်ဂိုလ်ကြီးတွေကွ။ ကျွန်တော်လည်းခုရေးနေရင်း
ရထားပေါ်တန်ဆာခ ဆောင်ရတဲ့ပို့သတိရတော။့ အင်း ငါတို့မဟာရန်ကုန်လဲ
ဘက်စ်ကားစီးရင် နောက်ဆို ထောက်လှမ်းရေးတွေအတွက် တန်ဆာခ
သတ်မှတ်ရမည်လို့ ရှာရှာကြံကြံစဉ်းစားနေမိသည်။

No comments:

Post a Comment