နမြိုင်ဗျို့ နမြိုင်။
ရွာအမြောက်ဘက် ရွာအ၀င်ပေါက်ဆီမှ ကိုပေါက်စီအော်သံက စီကနဲ့ညံစွာ နား၀၀င်ရင်ဘဲ ကိုတုတ်ကြီးဟာ လုံချည်ကို တိုတိုဝတ်၊ လောက်လေးခွ
ကိုင်ကာ အိမ့်ကပျင်အောက်အသာဆင်းလာခဲ့တယ်။ ရွာမှာ နမြိုင်ထဘီဆို တရွာလုံးရှိနွားများဟာ တန်းစီကာ ရှေ့ဆုံးက နွားမနောက် လိုက်ကြပါတယ်။
တလမ်းလုံး တွေ့သမျှဝင်တိုး၊၀င်တိုက်တတ်လို့ ခြံထဲဝင်ရင် ခြံစည်းရိုးအကုန်ပျက်ပါတယ်။ ကိုတုတ်ကြီးအိမ်ဟာ ရွာအစွန်မှာ ရှိသောအိမ်ဖြစ်လို့ ခပ်လှမ်းလှမ်းအသာလှမ်းလို့ကြည့်ရင်ဘဲ တလိပ်လိပ်ဖုန်လုံးကြီးများတွေ့ရဘီ။ သေချာတာသူ့အိမ်နားက ဖြတ်သွားမှာမို့ ကပုံစ ကိုအသာ စမ်းကြည့်မိတယ်။ လောက်စာလုံး အနည်းဆုံး ၂၀ ခန့်ရှိမည်။ ရှေ့ဆုံးနွားမ ကိုထိအောင်ပစ်ရမယ်ဟု တွေးရင်း စောင့်လို့နေလိုက်တယ်။ မကြာခင် ရွာအ၀င်လမ်း တအိမ်အိမ်မှ ပစ်လိုက်သော လောက်စာ ဒဏ်ကြောင်း တချို့နွားများ အိမ်ခြံစည်းရိုးဝင်တိုး လာကြသည်။ ကိုတုတ်ကြီးလက်မှ လောက်စာလုံးများ ပလူပျံကာ ထွက်သွားပါတော့တယ်။ထို့နောက်မှာတော့ ခြံစည်းရိုးတချို့လဲ ပျက်လို့ နွားအုပ်ဟာ ရွာထဲဝင်လို့ ပျောက်သွားပါတော့တယ်။ ပျက်စီးသွားသော ခြံစည်းရိုးများ အခြေအနေကြည့်နေတုန်း။ ဟိုဘက်အိမ်မှ ကိုပေတရာ ]ဟေ့ကောင်တုတ်ကြီး မပြေးနဲ့ မင်းငါနဲ့တွေ့မယ်} အသံသာ ကြား၏ လူကာမတွေ့ဘူး။
ဘာလဲ ပေတရာ အသံသေးအသံကြောင်နဲ့ ဘာကိစ်စ ထအော်ရတာတုံး။ အရေးထဲ မင်းကတမျိုးဟု ကိုတုတ်ကြီးပြန်အော်ဆဲ ရှေ့နား ခြုံအကွယ်ဆီမှ
ကုန်းကုန်းကွကွထလာတဲ့ ပေတရာ၊ သူ့လက်ကဘောကိုအုပ်၊ မျက်နှာက မျက်ဖြူဆိုက်လို့ လက်တဖက်က အနီးက သစ်ဆွေးတချောင်းကိုင်ထားတာ
မြင်တယ်ဆိုရင်ဘဲ။ကိုတုတ်ကြီးမျက်နှာ စပ်ဖြီးဖြီးနဲ့ ရွာဦး ဘုန်းကျောင်းပြေးတာတန်းလို့။ ယိုတိုးယိုင်တိုင်နဲ့နောက်က အသာလှမ်းလို့လိုက်လာတာက ပေတရာ။ ]ဟေ့ကောင် မပြေးနဲ့။ ဘုန်းကျောင်းထဲဝင်ပြေးလို့ လွတ်မယ်ထင်သလား} ဒီလိုနဲ့ ကိုပေတရာ ဟာနောက်မှာ ကျန်ခဲ့ပါတယ်။ ဘုန်းကျောင်း
ရောက်သွားတဲ့ ကိုတုတ်ကြီးဟာ ဘုန်းဘုန်းနဲ့ အလာပသလာပ ပြောပြီးသကာလ ]အရှင်ဘုရား ပေတရာ ပေါင်ဂွကြား အကြိတ်ပေါက်လို့ လမ်းတောင်
ကောင်းကောင်းမလျှောက်နိုင်ဘူးတဲ့ အရှင်ဘုရား သတင်းကြားလိုက်သေးလား} ဟေ ဟုတ်သလား ဒါ့ကြောင့် ဒကာပေတရာ ပျောက်နေတာကိုး။ ကျောင်းမရောက်တာ ၃၊၄ ရက်၇ှိရော့မယ်။ တပည့်တော်လဲ အိမ်မှာ ပျင်းနေတာနဲ့ ကျောင်းနောက်ဝင်းထဲက မြက်ပင်များ လာရှင်းတာပါဘုရားဟု ဆိုရင်
ကျောင်းထောင့်မှာတွေ့တဲ့ ပေါက်ပြားကိုင်ကာ ထွက်သွားပါတော့တယ်။ အဲမကြာခင်မှာဘဲ သစ်ဆွေးချောင်းလေး ထောက်ထောက်ပြီး လမ်းလျှောက်ဝင်လာ
တဲ့ ကိုပေတရာ။ မျက်လုံးက တောင်ကြည့်မြောက်ကြည့်နဲ့ ကိုတုတ်ကြီးကိုရှာရင်း။ ဟဲပေတရာ ဒီကိုလာပါအုံး။ ဒကာကြီး ပေါင်ဂျိုင့်ကနာတာ ဘယ်နှယ့်တုန်း သက်
သာရဲ့လား။ ကိုပေတရာ ပထမတော့ အံ့သြသွားတယ်။ နောက်တော့ တုတ်ကြီးရှင်းပြသွားတယ်ထင်လို့။ မှန်ပါ့ အဟွာနားးနီးလို့ ခံရခက်ကြီးပါဘုရားပြောရင်း တုတ်ကြီးဘယ်ရောက်သွားပါသလဲဘုရား။ ]တုတ်ကြီးကျောင်းနောက်မှာကွဲ့} ။ တင်ပါ့ တပည့်တော် တုတ်ကြီးနဲ့သွားရှင်းဖို့ ခွင့်ပြုပါအုံးဘုရား} ဆိုတော့။ ဒုက်ခရှာလို့ ဒကာကြီး၊ သွားမရှင်းလေနဲ့။ ဒီမှာခဏစောင့်အုံး။ ဟဲကျောင်းသားလေးသွား ဟိုထောင့်က ခွေးသေးပန်းပင်သွားခူးခဲ့ အိမ်ရောက်ရင် ရေစင်အောင်စေပြီး ဆားနဲ့ကြိတ်လိမ်းကွဲ့ ဆိုကာ နာတာကိုသည်းခံလို့ တရားမှတ်ပုံရှင်းပြနေလို့ကိုပေတရာခင်ဗျာ အပြန်ခရီးမှာ လက်တဖက်က တုတ်တချောင်းကိုင်၊ ကျန်တဖက်
က ဘောလေမကာ မကာနဲ့ တရားမှတ်ရင်ပြန်ရသတဲ့။ အပြန်လမ်းမှာ တွေ့တဲ့လူများက ပေတရာ ဘယ်ကပြန်လာတာလဲမေးတော့ ရွာကျောင်းက တရားမှတ်ရင်း
ပြန်လာတာဖြေလို့။ နောက်များ လူကြီးများ ဘာသာရေးနဲ့ပတ်သက်လို့တခုခုလုပ်လို့ အဆင်မပြေ အချိုးမပြေတာတွေ့ရင် ပြောပုံက ပေတရာလို ဘောလေးမ ပြီ
တရားမှတ်တယ်တော့ မလုပ်ကြနဲ့နော်တဲ့ဗျား
No comments:
Post a Comment