Wednesday, October 20, 2010

သူခိုးနဲ့ရဲသား

ရဲသား။ ဟေ့ကောင်သူခိုး မင်းဘာလုပ်နေတာလဲ။
သူခိုး။ ဘာသူခိုးလဲဗျ ရဲဖို့ ခင်ဗျားသက်သာတယ်မှတ်ပါ။
နောက်ခေါ်ရဲခေါ်ကြည့်။
ရဲသား။ ဟ မင်းသူခိုးမို့ သူခိုးလို့ခေါ်တာဘဲ။
သူခိုး။ ကျုပ်ဘယ်မှာခိုးလို့လဲ။ ဒီမှာ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ
မတွေ့ဘူးလား။
ရဲသား။ ဟ မင်း အရင်က ခိုးမှုနဲ့ ထောင်ကျသေးတာဘဲ။
မေ့သွားဘီးလား။
သူခိုး။ ဟ အဲဒါ အရင်ကကွ။ ခုငါမှ မခိုးတာ။
ရဲသား။ ဟ ခုမခိုးတာ မကြုံလို့၊ အခွင့်အခါမသင့်လို့ပါကွာ။
သူခိုး။ ဟ ခင်ဗျားဘယ်လိုလူလဲ တခါခိုးဖူးတာနဲ့ ကျုပ်က နောက်
ခိုးနေရတော့မှာလား။
ရဲသား။ ဟ ခိုးကျင့်ရှိလို့ ခိုးဖူးတာ။ ခိုးဖူးလို့သူခိုးဖြစ်တာ။
သူခိုးဖြစ်တာ ခိုးကျင့်ရှိလို့။ ခိုးကျင့်ရှိရင် ခိုးအုံးမှာဘဲ။
သူခိုး။ ဟ ဒါဆို ခင်ဗျားလဲ သူခိုးဘဲ။
ရဲသား။ ဘာကွ
သူခိုး။ သူခိုးဆိုတာ ခိုးဘူးလို့။ မခိုးဘူးရင် သူခိုးမဖြစ်သေးတာ။
သူခိုးမဖြစ်သေးတာ။ ခိုးကျင့်မရ သေးလို့။ နောက် ခိုးခွင့်
ကြုံလို့ ခိုးလိုက်ရင် ခင်ဗျားလဲ သူခိုးဖြစ်ပြီ ဟ ဟ ဟ ဟ။
ရဲသား။ ဟ ငါမှ ခိုးကျင့်မရှိတာ။
သူခိုး။ ဟ ခိုးကျင့်မရှိတာ မကြုံသေးလို့ အခွင့်မသင့်သေးလို့ပေါ့ကွ။
ရဲသား။ ဘာကွ။ ကဲကွာ။
သူခိုး။ ကဲကွာ။
အဲလိုနဲ့ ရဲသားတလှည့် သူခိုးတလှည့် အပြန်အလှန်လုပ်ကြပုံက
ရဲသားသူခိုးလုပ်လိုက်ရ
သူခိုးရဲသားလုပ်လိုက်ရ
ရဲသားသူခိုးလုပ်လိုက်ရ
သူခိုးရဲသားလုပ်လိုက်ရ
သံသရာလည်နေကြသတဲ့ကွယ်။

No comments:

Post a Comment