Wednesday, January 20, 2010

မုဆိုးနှစ်ယောက် သို့မဟုတ် တူး လက်ကီး ဘတ်စတာ့

တခါတုန်က မုဆိုးလက်သစ်လေး တစ်ယောက်ရှိလေသည်။ သူသည် မုဆိုးတို့တတ်အပ်သော ပညာကို တတ်သိနားလည်သော်လည်း တခါမျှ တောမလိုက်ဖူးပေ။ သူသည် မြို့တွင်သာ ကြက်စားရင်း ပျော်မွေ့နေခဲ့သည်။ တနေ့မှာတော့ မုဆိုးလက်သစ်လေးသည် ပျင်းပျင်းရှိသဖြင့် တောလည်လိုက်ရန် ထွက်ခဲ့လေသည်။ သို့နှင့် ၀က်တစ်ကောင်အား တွေ့လေသည်။ သို့သော် အဆီများသည်ဟု ဆိုကာ မပျစ်ချေ။ ကျားတကောင်အားတွေ့ပြန်သည်။ အန်တရယ်များသည်ဆိုကာ မပစ်ပြန်။ ဆင်ပေါက်တကောင်ကိုတော့ ၀လွန်း၊ လေးလွန်းသည်ဟု မပြစ်သာ။ နောက်ဆက်သွားရာ ကျွဲအား မဲလွန်းသည်ဟု ဆိုပြန်သည်။ ထိုသို့ ရွေးနေရာ သားကောင်မရပဲ တောချောက်ခံရကာ တောတွင် လည်နေစဉ် မည်သည့်အရပ်က ရောက်လာမှန်းမသိသော ရွှေသမင်ပျိုကို တွေ့လေသည်။ ထိုအခါ မုဆိုးလေးသည် သူ၏ တခါမျှ မပစ်ရသေးသော ဒူးလေးကြီးကို မောင်းတံတင်ကာ သမင်ပျိုအား ပစ်ရန် ဆွဲချိန်လိုက်၏။ သို့သော် သမင်ပျိုမှာ မပစ်ရသေးခင် လှဲကျသွားသဖြင့် မုဆိုးလေးမှာ အံ့သြနေဆဲ မုဆိုးအိုကြီးတယောက်သည် ဒူးလေးအိုကြီးဆွဲကာ ပေါ်လာခဲ့လေသည်။ ထိုအခါမှ သမင်ပျို၏ ရင်ဘတ်နားတွင် ဆိုက်ဝင်နေသာ မြှားတံကြီးအား တွေ့တော့၏။ မုဆိုးအိုကြီးမှာ ၀ါရင့်မုဆိုးကြီးဖြစ်ပုံရ၏။ သူ၏ဒူးလေးကြီးမှာလည်း အ၀တွင် ကျီထွက်အားများခဲ့မှုကြောင့် ပျောင်ချောနေလေ၏။ ဤတော ဤတောင် တွင် အတော်ကြက်စားခဲ့ပုံရလေသည်။ မုဆိုးအိုကြီးက မုဆိုးလေးအား ခနဲ့ပြုံးပြုံးပြကာ သူ၏ ဒူးလေးကြီးအား မြင်သာရန် မြောက်ပြသည်။ ထို့ကြောင့် မုဆိုးလေးလည်း မတတ်သာ သဖြင့် ဒူးလေးအသစ်ကလေးကို အသာပြန်သိမ်းကာ မဲ့ပြုံးဖြင့် စကားတလုံးတည်းလှမ်းပြော ကာထွက်ခါသွားရလေသည်။ ထိုစကားမှာ ]လက်ကီး ဘတ်စတာ့} ဟူ၏။ ဇာတ်လမ်းမှာ ထိုမျှမပြီးသေးချေ။ မုဆိုးလေးမှာ စုံတောမြိုင်မှာ တခါတလေ ထင်းခွေလိုက်၊ တခါတလေရေခပ်လိုက်ပေါ့။ တရက်မှာတော့ တောလည်ရင်း မုတ်ဆိတ်ပျားမဆွဲဘဲ မုဆိုးပျားဆွဲတော့တာပါဘဲ။ ပျားမှ တကဲ့ပျား ကွင်းဘီးပေါ့။ ပျားတို့ရဲ့ဘုရင်မ။ ပျားဆိုတော့ အသားမဟုတ်ပေမယ် အားဖြစ်စေတာပေါ့။မုဆိုးလေးလဲ ပျားဖွတ်လို့ပန်းဝင်သွားပါပြီ။(ပျားတုတ်တာတော့ ခံရမှာပေါ့) မုဆိုးကြီးလည်း သေပြီထင်ခဲ့သော ရွှေသမင်လေးမှာ မသေ။ ရုတ်တရက် ရာသီဥတုအပြောင်းအလဲမှာ တောချောက်လေပြီ။ သို့သော်လည်း ရတနာငါးပါးဦးထိပ်ထားပြီး မိဘဂူနော အနန်တောမဟုတ်လား။ မိခင်ကြီး ရဲ့သစ်စာပြုမှုကြောင့် တောချောက်ခြင်းက လွတ်သွားပြီး ရွာသူကိုလက်ရဖမ်းမိလိုက်ပါတယ်။ (တခါတခါတော့ ရွာသူနှိပ်စက်တာခံရမှာပေါ့) အချုပ်ဆိုရရင် မုဆိုးလေး မုတ်ဆိတ်ပျားဆွဲ။ မုဆိုးကြီး ရွာစားဖြစ် သမို့ နှစ်ယောက်လုံးအား လက်ကီး ဘတ်စတာ ဟုခေါ်စေသတည်း။

4 comments:

  1. ကိုယ်တွေ့ထင်တယ်

    ReplyDelete
  2. The golden deer is already dead when he saw her. He can pick her up faster than old men but he does not want to eat dead meat :)

    ReplyDelete