Tuesday, January 12, 2010

မင်းညိုနဲ့ကျောင်းသားအားကစားပွဲတော်

ကျွန်တော်ခြောက်တန်းကျောင်းသားဘ၀ကပေါ့ မှတ်မိနေတဲ့ကျောင်းသားအားကစားပွဲတော်က အဖြစ်လေးတခုပါ။
မီတာတရာအပြေးပြိုင်ပွဲမှာ အသင်းဆရာ က အရပ်ရှည်တဲ့ ကျွန်တော့ကို အားကိုးတကြီးရွေးလိုက်ပါတယ်။
အသင်းသားအားလုံးကလဲ ကျွန်တော်ရမယ်လို့ မျှော်လင့်ထားကြတယ်။ ကာယကံရှင်ကတော့ မပျော်နိုင်ရှာပါဘူး။
အပြေးမသန်ဘူးဆိုတာထက် သူ့ကိုယ်သူ သိနေတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမစခင်မှာ စပြေးမယ်ဆို ဘယ်လိုအားယူရမယ်။
တာတိုဆိုတော့ အားကုန်ပဲ ဘာမှချန်မထားနဲ့ သူကတော့ ပန်းတိုင်ဆီကို အရင်သွားလိုက်ဦးမယ်ဆို ပြီး ထွက်သွားလေတယ်။
ဒီလိုနဲ့ ခရာတွတ်တယ်ဆိုရင်ဘဲ တဦးနှင့်တဦး သိပ်မကွာဘဲ သူတင်ကိုယ်တင် ပြေးနေကြတုန်းပါဘဲ။ အလယ်လောက်ရောက်တော့
လူတွေ တဖြည်းဖြည်းစတင်ရယ်မော လာကြဘီ။ ကျွန်တော်က ၅ဦးမှာ အလယ်။ ရှေ့နှစ်ယောက်ကို မှီဖို့ ကျွန်တော်မလုပ်နိုင်တော့ဘူးသိပေမယ့် အားကုန်သုံးနေတုန်းပါဘဲ။ ရယ်သံတွေ ပိုကျယ်လာကြဘီး။ ကျယ်လာတဲ့ရယ်သံတွေဟာ အဆုံးမသတ်တော့ဘဲ နောက်ဆုံးပန်းဝင်သွားတဲ့အထိ လက်ခုပ်သံမထွက် ရယ်သံသာ ထွက်နေတော့တာ။ ကိုယ့်မလဲ မောနေတော့ ဘာကိစ်စရယ်သလဲ မတွေးအားပါဘူး။ ဒီအချိန်မှာ ဘယ်အသင်းက ပထမရသွားပါတယ် ကြော်ငြာတော့ ကျွန်တော်လဲ မ၀င့်မရဲနဲ့ ဆရာမျက်နှာ မော့ကြည့်တော့ ပြုံးရွှင်နေတဲ့ ဆရာ့မျက်နှာကိုတွေ့ရတယ်။ ဆရာ က လက်တဖက်နဲ့ ကျွန်တော့ပုခုံးကိုလာကိုင်ပြီး ငါ့တပည့် ဘာမှအားမငယ်နဲ့ ဒီတကျောင်းလုံးမှာ သာကွေယိုင်ပြေးနည်းနဲ့ ပြိုင်ရမယ်ဆို
ငါ့တပည့်ကို မှီမယ့်သူ တယောက်မှ မရှိဘူး တဲ့ဗျာ။ ကျွန်တော့မှာ အဲဒီနေ့က ရှက်လိုက်ရတာ

စာကြွင်း။ သာကွေယိုင်ပြေးနည်း ဆိုတာ ဒူးနှစ်လုံးအချင်းချင်း ရိုက်ခတ်ပြေးနည်း။ ကဲမြင်ယောင်သာကြည့်ပါတော့ ဟီး

No comments:

Post a Comment