Tuesday, April 13, 2010

ပက်လက်လှန်နေတဲ့ည

ငါ့အာရုံထဲ ငါမရှိဘူး
ဗလာနယ်သက်သက် ဦးခေါင်းခွံထဲ အဖြူထည်
ဆုတ်ဖြဲထားတဲ့ အ၀တ်စလို အားအင်မရှိ
ငါကိုယ်ထဲစူးဝင်နေတဲ့အသံနဲ့ ညအမှောင်မှာ

သရဲတကောင်ရဲ့ ကိုယ်တိုင်ချောက်လှန့်မှုတစ်ခုလား
ခန်ဓါတပိုင်း စိတ်တပိုင်း ခြားလျှက်
သူတို့ အချင်းချင်း တပြန်စီ
ကိုယ်ကကြောက်ရမှာလား စိတ်ကကြောက်ရမှာလား
ဖန်တီးထားတဲ့ ညရဲ့ပြကွာက်များက ဆန်းကြယ်
ဖြူဖြူ မဲမဲ နံရံ အလင်း အမှောင် အသံ တချက်ချက် ညမှောင်မှောင်ထဲ
ဖက်လုံးလေးတစ်လုံး
တကိုယ်ရည်ညများစွာ
နာရီလက်တံထက် ဖက်လျှက်။

No comments:

Post a Comment