ချစ်ရဲ့လား ချစ်လား စသည်ဖြင့် မိမိနှစ်သက်သည့်မိန်းကလေးကို
ယောကျာ်းလေးတွေက ကနဦးမေးကြသူများဖြစ်သည်။ ကျွန်တော်သည်လည်း
ထိုနည်းလည်းကောင်း မေးဖူးခဲ့သည်။ ချစ်သူဖြစ်တော့လည်း ကျွန်တော့အထင်
ကျွန်တော်မေးတာ အကြိမ်များသည်ထင်ပါသည်။ ထို့မှ အကြင်လင်မယားဖြစ်
ခဲ့ကြသည်။ တစ်လမှသည် တစ်နှစ် မိန်းမဖြစ်သူ၏ မိန်းမကိုချစ်ရဲ့လား မေးခွန်းသည်
အကြိမ်ရေများလာခဲ့သည်။ ဒီလိုနဲ့ ကျွန်တော့မိန်းမ ကိုယ်ဝန်ရလာခဲ့သည်။
ကိုယ်ဝန်ရှိလာတော့ မိန်မ၏ မိန်းမကိုချစ်ရဲ့လား မေးခွန်းသည် တစ်မျိုးဘာသာ
ပြောင်းလဲလာပြန်သည်။ ကိုကိုနော် မွေးလာတဲ့ကလေး ကိုကိုနဲ့တူလို့ကတော့
မိန်းမကို သူ့လောက်မချစ်လို့ ဟူ၏။ သူ့ခမျာ မိန်းကလေးဖြစ်မှာလဲဆိုးနေပြန်
သည်။ မိန်းကလေးဖြစ်ပြီး ကိုကိုနဲ့တူရင် အရပ်ရှည်၊ အသားက မဖြူနဲ့ အင်း
ဒုက်ခဘဲတဲ့။ အော် ငါ့နှယ် တမှုပြီးတမှုပါလား။ ဒီလိုနဲ့ ငါးလပြည့်တော့
သားလေးဟုသိလာခဲ့ကြသည်။ ထိုအခါ မိန်းမက အင်းကိုကိုနဲ့ဘဲတူမှာပါ သူက
ကျွန်တော့ထက်ပိုချစ်လို့ဆိုပြန်သည်။ သူမှာ ကျွန်တော်နှင့်တူရင်လဲ အသားလေးက
ဖြူစေချင်သေးသည်။ တစ်လပြီးတစ်လဖြတ်ကျော်ပြီးကာလ မွေးခန်းထဲရောက်
တော့ ကျွန်တော့မှာ ရင်ခုန်နေရပြီ။ ကျွန်တော့အထင် အခြားဆွေမျိုးသားချင်းများ
နှင့် သူငယ်ချင်းအချို့ကလည်း ဘာအရောင်းလေးလဲ သိချင်ပုံရှိကြသည်။
မိန်းမက ဗိုက်ခွဲမွေးမည်ဖြစ်ပြီး ကျွန်တော်ပါလိုက်ဝင်ခွင့်လည်းရသဖြင့် ဆရာဝန်များ
ထုံဆေးပေးပြီးချိန်အထိ အပြင်မှာဆောင့်နေရသည်။ ခွဲမွေးရန် အဆင့်သင့်ဖြစ်မှ
လာခေါ်သဖြင့် ကျွန်တော်မွေးခန်းထဲဝင်ခဲ့သည်။ ဆရာဝန်များ စခွဲတော့ မိန်းမနှင့်
စကားစမြည်ပြောရင်း အုဝဲ အသံကြားရသည်။ ဆရာဝန်က ကလေးမွေးပြီးဟုဆိုသံ
နှင့် ကလေးကို လက်ဖ၀ါးနှစ်ခုဖြင့် သယ်ကာ အပြင်ယူသွားတာတွေ့ရသည်။
ကိုယ့်မျက်စိရှေ့မှာယူတာဖြစ်သဖြင့် မျက်နှာကိုသေချာမကြည့်ရပေမယ့်
တကိုယ်လုံးကို ထင်ထင်ရှားရှားတွေ့ရပါသည်။
တွေ့တွေ့ချင်း ကျွန်တော် စိတ်ထဲ ဟိုက်ကနဲ့ အော်မိသည်။ ကလေးလေးသည်
မွေးကစ အမိ၏ ရေအိတ်ထဲနေခဲ့ရသဖြင့် ပြာတာတာလေးဖြစ်နေသည်။ ဒါကို
မသိတော့ အင်း ငါ့သားလေး အသားတော့မဲမဲလေးလား။ မိန်းမကို ခဏနော်ပြော
ပြီးကျွန်တော်ပါ ဆရာဝန်နောက်က လိုက်ထွက်ခဲ့သည်။ အပြင်မှာ အနှီးဖြင့် ပတ်
ထားပြီးနေပြီး သို့သော် မဆေးကြောရသေးသဖြင့် အသားအရည်ကို ကောင်း
ကောင်းမကြည့်တတ်သေးပေ။ သို့သော် နှဖူးကမဟာနဖူး မျက်တောင်တွေက
နသယ်စပ်ထိရှည်၏။ နှုတ်ခမ်းထူထူလေးဖြင့် မိန်းမနှင့် တထေရာတည်းတူလေ
သည်။ ကျွန်တော့မိန်းမ မျက်နှာပြေးမြင်မိသည်။ ထို့အတူ ယောကျာ်းနဲ့တူမှာပါ
သူကပိုချစ်သည်ဟူသော မိန်မစကားကိုပါ ကြားယောင်လာမိသဖြင့် အလိုလိုပြုံးနေ
မိသည်။ ဆရာဝန်က မင်းမိန်းမနဲ့တူတယ်နော်ဟူသော စကားကိုပါထပ်ကြားလိုက်ရ
သဖြင့် ရက်စ် ဟူသော စကားတော်တော်ပင်ကျယ်လောင်သွားသည်။
ဘာဖြစ်ဖြစ် အသားနည်းနည်းညိုအုံး မိန်းမနဲ့တူပါတယ်ဟူသော အသိဖြင့်
မိန်းမ၏ မေးခွန်းများကို ပြန်ဖြေရန် အဖြေလွှာတော့ရလေပြီ။ ထို့နောက်
ဆရာဝန်က ကလေးကို ပြန်ယူသွားပြီး အပြင်မှာစောင့်နေခိုင်းပါသည်။ များမကြာ
ကလေးကို ဆေးကြောသုတ်သင်ပြီး ပြန်ယူလာပြပါသည်။ အပူလဲ ခဏပေးထားသ
ဖြင့် အသားအရည်သည် နဂိုထက် အတော်ပင် ကြည့်ကောင်းလာသည်။ ဖြူသောရဲ
ခြင်းဖြင့် အသားအရည်သည် ပွင့်လာခဲ့သည်။ ကျွန်တော်တို့ ဆေးရုံ၏ကိုယ့်အခန်းကို
ပြန်ရောက်တော့ မိန်းမနှင့်ယောက်ခမသည် ကလေးအားကြည့်ရင်း ကျွန်တော့မိန်းမ
နှင့် တထေရာတည်းတူပုံကို ပြောမဆုံးဖြစ်နေကြသည်။ ကျွန်တော်လည်း မိန်းမမျက်
နှာကြည့်ရင်း ကဲဘာပြောမလဲ အကြည့်ဖြင့် ပြုံးနေတော့သည်။ ထိုနေ့မှစ မိန်းမကို
ချစ်ရဲ့လားမေးခွန်းသည် ယနေ့အထိ ထွက်မလာတော့ပါ။ သို့သော် ကျွန်တော် တခု
သေချာသည်မှာ တခြား တခြားသော မေးခွန်းတခု သူမမှာ ရှိနေဦးမှာ အသေအချာ။
No comments:
Post a Comment