ဒါ ခေတ်သစ် ရောမမြို့ကြီးပေါ့
အဲဒီမှာ
ကြေးစားတွေအများကြီးရှိတယ်
...............
လက်ထဲမှာ ဘာဂါတလုံးနဲ့
အုတ်ခုံတခုပေါ်မှာလဲ ဖြစ်နိုင်တယ်
ညနေစားလဲဖြစ်တယ်
အပြန်မှာတော့ အရိပ်လိုချင်လို့
အမှောင်ရတဲ့အခြမ်းကို ရွေးလျှောက်ခဲ့တယ်
ငွေကုန်ကြေးကျခံထားရတဲ့ လမ်းမတခုနဲ့ဆုံအတွေ့
အသေအချာ တိ၊ညှိထားတဲ့ အပင်ငယ်၊ ပန်းငယ်များ
ပလတ်စတစ်များက ကာလာအစုံနဲ့ မီးရောင်စုံထဲ ငွေပင်ငွေပန်းများ
ညဆိုတာ သူ့မှာမတွေ့ရဘူး
တရွေ့ရွေ့သွားနေတဲ့ကြေးစားများကတော့
ကိုယ့်နာရီနဲ့ကိုယ် အလန်းကိုယ်စီ ပေးနေတာမြင်တော့
ငါ့ကိုငါ ကြိတ်ကြိမ်ဆဲမိတယ်
ငါ့မှာလဲ အဲဒီနာရီမျိုးနဲ့
.............
ဒီညလဲ ညဟာညနဲ့မတူကြောင်း သူသိနေတော့
ဒီညထဲ သူ့အရိပ်ကိုရှာမတွေ့ခဲ့ဘူး
................
အိမ်ရောက်တော့
အခန်းကျဉ်းထဲငါဝင်သွားတယ်
မျက်နှာကျက်အဖြူ၊ နံရံအဖြူ
အထဲမှာ ငါရယ်
အ၀တ်ပုံဟိုနားဒီနားရယ်
ကြေးစားရဲ့အလုပ်ခွင်သုံး ခြေအိတ်တွေ
ဒါတွေက
သူ့မှာသီးခြားအဖော်မရှိဘူးလို့ပြောနေတယ်
နောက်တော့ မှန်ထဲမှာ ကြေးစားက ငါ့ကိုကြည့်
ငါက နံရံထောင့်က မှန်ကိုကြည့်ပြီးတော့
ငါတို့ ပြိုင်တူ ရယ်မောခဲ့ကြတယ်။
No comments:
Post a Comment