သေပြီးနောက် ဘ၀ ဖြစ် မဖြစ် ရှိ မရှိ ဆိုတာ
ထက် လူ၊ တိရိစ္ဆာန်တွေကလွဲရင် ဒီကမ်ဘာပေါ်မှာ
ဘာကောင်တွေ ရှိနိုင်သေးလဲ။ လူ၊ တိရိစ္ဆာန်မဟုတ်ရင်ရော
ဒီကမ်ဘာပေါ်မှာ ရှိနေတဲ့အကောင်က ဘာကောင်ဖြစ်မလဲ။
နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းတယ်။
ပျော်စရာလည်းကောင်းပါတယ်။ ကျွန်တော်သူ့ကို ကျေးဇူး
လည်းတင်တယ်။ ဒီအသက်အရွယ်အထိ သရဲခြောက်တယ်ဆိုတာ
သူများပြောတာဘဲကြားဖူးတာ။ ကြားဖူးသမျှ ဖတ်ကောင်းတဲ့ပုံပြင်လို သဘောထားတယ်။ နောက်ထပ် ဒီကမ်ဘာမှာ လူ၊ တိရိစ္ဆာန်မဟုတ်တဲ့
အကောင်တကောင်ရဲ့ ဖြစ်တည်မှုဆိုတာ စာအုပ်ထဲကလွဲရင် ကိုယ်
တိုင်မကြုံခဲ့ဘူးသေးဘူး။
ပြီးခဲ့တဲ့သောကြာနေ့(၁၅-၁၀-၂၀၁၀) ည ၁၂နာရီလောက်က
အဲဒီအချိန်ကျွန်တော်က ဗိုက်စာလို့ အခန်းထဲ ထမင်းပန်ကန်ယူ
ပြီးစားနေတာ။ မိန်းမက ဗီဒီယိုကြည့်နေတယ်။
ဒုန်း
ဖြုန်းဆို တိတ်ဆိတ်နေတဲ့ညက အသံက တော်တော်ကျယ်ပြီး
ကျွန်တော် တုန်သွားတယ်။ ဘယ်ကလဲ မိန်းမ
မသိဘူး အခန်းထဲကလိုလို အပြင်ကလိုလိုဘဲ။
အင်း ဒီဘီဒိုဘက်ကလာတာဘဲ။ ဟိုဘက်ခန်းက ဖြစ်မလား။
(ဟိုဘက်ခန်းက အိုင်တီလုပ်တဲ့ လူနှစ်ယောက် နေပါတယ်)
ညနေစောင်းလောက်ထဲက အဲဒီအသံမျိုးကြားတယ်။
အာရုံကတခုခုကို စိုက်နေတုန်းဆိုတော့ ဘယ်ကမှန်း
မသိဘူး။ အပြင်ကလို့ထင်တာဘဲ။
ည ၂နာရီ ကျွန်တော့တို့ စအိပ်ကြတယ်။
အိပ်ရာနဲ့ ကျော ချပြီးမကြာခင် မှေးခနဲ့ အိပ်ပျော်စပြုလာပြီ။
ဒုန်း
တိတ်ဆိတ်ညယံမှာ အသံက တော်တော်ကျယ်ပြီး တုန်ပါသွားမိတယ်။
]မိန်းမ} အခန်းထဲကဘဲနော် ဘီဒိုဘက်ကလား
အိမ်သာဘက်ကလား။
မသိဘူး ]ကို} အဲဒါတော့။ အိပ်ပျော်စ ဆိုတော့။
အင်း ဟုတ်တယ်။ နေပါအုံး မီးဖွင့်ပြီးလိုက်ကြည့်အုံးမယ်။
ဘာလဲမသိဘူး။ ကဲပါအိပ်တာပေါ့။
ပြန်အိပ်မပျော်ခင်
ဒုန်း
မိန်းမ..ဒီတခါသေချာပြီး ဒီဘီဒိုကဘဲ
ကိုယ်မီးဖွင့်ပြီး ကြည့်အုံးမယ်။
ဘာမှ မရှိပါဘူး။ ဗီဒိုထဲလည်း ။ အိမ်သာရော။
မဟုတ်တော့ မဟုတ်တော့ဘူး မိန်းမ။
တခုခုတော့ထူးနေပြီ။
ဒီဘီဒိုတော့ သေချာတယ်။
ပြောရင်း ကျွန်တော့တို့နှစ်ယောက်ရှေ့တင် ဗီဒိုတံခါးက
ဒုန်း (ခဲလုံးဖြင့် ထုပေါက်သလိုအသံ)
ဟာ
ဟင်
မိန်းမ တွေ့လား သော့တွေ တောင်လှုပ်နေတယ်။
မိန်းမရေ ဒီကောင်ဘာမကြိုက်လဲမသိဘူးနော်
ကိုယ်တို့ သူမကြိုက်တာလုပ်တာကို ပြတာနဲ့တူတယ်
နေတာ တလပြည့်ပြီ ခုမှ အချက်ပြတာဆိုတော့ ခုရက်ပိုင်း
အဲဒီဘီဒို အရင်ထက် ဘာထူးလဲ မိန်းမ။
ဘာမှထွေထွေထူးထူးမရှိပါဘူး။ ယောကျာ်းခြေအိပ်တွေ
တော့ ထည့်လိုက်တယ်။ အရင်က အပြင်မှာထားတာ။
ဟုတ်လား။ ဒါဆို အပြင်ပြန်ထုတ်ထားကြည့်မယ်။
ထပ်လုပ်မလုပ်ကြည့်တာပေါ့။
အဲဒီညက ဘာသံမှ ထပ်မကြားရတော့ပါ။
ခြေအိပ်ကြောင့်ဘဲလား။ သောကြာနေ့မို့ ဟိုဘက်ခန်းက နှစ်ယောက်က ဗီယာသောက်တာကို
မကြိုက်တာလား။ ကျွန်တော်ဘာ့ကြောင့်ဆိုတာ မသိတော့ပါ။
No comments:
Post a Comment