ငါ့ကိုငါ ပြန်ပြုံးပြတယ်
မှန်မပါဘူး
ငါ့ကိုငါ ဓါးနဲ့ပြန်ခုတ်တယ်
စိတ်မပါဘူး
ငါ့အခန်းထဲ လိပ်ပြာတကောင်ပျံနေတယ်
ငါ့အထည်ကို ပြန်စမ်းကြည့်တော့
စိတ်အပျက် လက်အပျက်နဲ့
ကိုယ်နဲ့မတော်တဲ့ ဦးခေါင်းတခု
လိုတာထက်ရှည်ချင်နေတဲ့ ငွေရောင်ခြေထောက်တစုံက
ငါ့စိတ်မတွေ့ရာအရပ်ဆီ ဦးလှည့်လို့
၇ုန်းရင်း ကန်ရင်း ထောင်ချောက်ဆီ ငါပြေးဝင်တော့
ငါတော်တော်ဝမ်းနည်းသွားရတယ်
မှောင်ထဲမှာ ငါလားငါ့ဝိဥာည်လားမကွဲခဲ့ဘူး
သွေးသံတရဲရဲ။
not bad! :P
ReplyDelete