Sunday, January 17, 2010

မဟောသဓ၏ အသားတစ်ပြသနာ

တခါတုံးက ကျောင်းဆရာ၊ကိုကျီးကန်းနဲ့ မောင်ကျောက်ခဲ တို့ဟာ
အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ကြသတဲ့။ ထုံးစံအတိုင်း ကျောင်းဆရာက
တွေ့တိုင်း ပုံပြင်တွေဥပမာတွေနဲ့ ပြောနေကြပေါ့။ တနေ့မှာတော့..
ကျောင်းဆရာ စာသင်နေတုန်း ကိုကျီးကန်းက စာသင်ခန်းနားက သစ်ပင်မှာ
နားနေတယ်။ မောင်ကျောက်ခဲကတော့ စာသင်ခန်းတံစပ်မြိတ်နားဝယ်
အေးတိအေးစက် ထိုင်လျှက်..။

ဖြန်း...ဖြန်း..
ကျောင်းဆရာက ဘောကို တုတ်နဲ့ နှစ်ချက်ရိုက်ပြီးသကာလ၊ ဟန်ပါပါနဲ့
မျက်မှန်ကို တချက်ပင့်လိုက်သည်။ ထို့နောက်
ကဲ တပည့်တို့ .. ဆရာဒီနေ့သင်မှာ မဟောသဓ အကြောင်းဖြစ်တယ်။

တခါကေပါ့ မေဟာသဓသတိုးသား ပါစိနယ ၀မဇ္စ်ဂုံးရြာမွာ စြန္ခ်ီတဲ့အသား
တစ်ပြသနာပေါ့..ဆိုဆဲ.. စာသင်ခန်းဘေး သစ်ပင်ပေါ်မှ

ဖြန်း...ဖြန်း.. အာအ.. အာအ
ကိုကျီးကန်းက အတောင်ပံကို နှစ်ချက်ခတ်လို့ အသံပြုရင်း

ရှင်းရမယ် ရှင်းရမယ် ဒီကိစ်စဟာရာစုနှစ်တွေအများကြီးရှိခဲ့ဘီ။

ထို့နောက်ဆက်မဆိုဘဲ တိတ်ဆိတ်သွားပြန်သည်။ မောင်ကျောက်ခဲမှာ
ငိုက်မြည်းနေပုံရသည်။

ကျောင်းဆရာလည်း မျက်မှောင်တချက်ကြုံရင်း ပြန်လည်ဆက်ရန်
စာကြည့်စာပွဲကို လက်ထောက်လို့ ဦးခေါင်းကို ရှေ့တိုးလို့
အားယူလိုက်တယ် ဆိုရင်ဘဲ..

အစောကငိုက်မြည်းနေပုံရသော မောင်ကျောက်ခဲက

ငါသိတယ်
ငါသိတယ်..
ဟုမထီတရီလေသံဖြင့်ဆို၏။

ကျောင်းသားများက ဆရာ့ဆီမှ အခန်းအပြင်ဘက် မောင်ကျောက်ခဲဆီ
အာရုံရောက်သွားကြတယ်။ ကျောင်းဆရာလဲ အနည်းငယ်ဒေါသ
ထွက်လာလို့

ဟေ့ကောင် ကျောက်ခဲ မင်းဘာသိတာလဲဆိုတော့။

အတန်ကြာမှ မောင်ကျောက်ခဲက အသံခပ်အုပ်အုပ်နဲ့
အစပ်အဆက်မရှိ }

ဟဲ ဟဲ .. စက်ကောမတောင် သူ့လောက်
စွမ်းမယ်မထင်ဘူး ]

ကျောင်းဆရာ။ ဘာဆိုင်လို့တုန်း။

မောင်ကျောက်ခဲ။ မင်းသင်တော့မယ်..ငါသိတာပေါ့။
ငှက်အရိပ်ကို နင်းပြီး အော်လိုက်တာ သားတုံးကျတယ်ဆိုပြီး
ကျောင်းဆရာရေ.. လောဂျစ်က အောက်နေပြီနော်။
ဆိုသတဲ့။

ဒီအချိန်မှာ ကိုကျီးကန်းက ကျောင်းဆရာ ခံဟ ဆိုသဘောနဲ့
အာအ အာအ ဟု ကိုကျောက်ခဲကို အားပေးတယ်။

ကျောင်းဆရာ သူ့မျက်နှာက တပည့်တွေရှေ့မှာ အရှက်ခွဲခံရသလိုမို့
ရဲတောက်နေပြီ။

ဒီမှာ..ဒီမှာ ဟေ့ကောင်ကျောက်ခဲ.. ကျောင်းဆရာ ပုဆိုးကို
ခပ်တိုတို တချက်ပြန်ပြင်ဝတ်ရင်း ပညာရှိပရောဟိတ်ကြီးလေသံနဲ့

ကျောင်းဆရာ။ ကမ်ဘာသည် လုံးသော်လည်း ကြီးလွန်းသဖြင့် မြေပြင်ကို
မျဉ်းဖြောင့်ဟု ယူကြတယ်။ (ဘာမှလဲမဆိုင်ဘူး)

မင်းသိဖို့က
များသောအားဖြင့် မဟောသဓတို့ ပြသာနာ ဖြေရှင်းသော အချိန်
ဟာနေမွန်းတည့် နီးပါးဖြစ်ရမယ်။

ကျောင်းဆရာလဲ သင်းရိုးထဲမပါတာတွေ သူ့စိတ်ကူးဖြင့်
ပညာရှိဆန်ဆန်ဆက်ပြောပုံက။

ဘာ့ကြောင့်ဆိုရင် နေပြင်းတဲ့အချိန် မကစားသောအချိန် တွေဟာ
ပြသာနာများ ဖြေရှင်းချိန်ဖြစ်ရမယ်ကွ။

မောင်ကျောက်ခဲက ငါကြပ်တာ အကွက်တော့ဆိုက်ပြီ သဘောဖြင့် တဟဲဟဲ
ရီလို့..
ကိုကျီးကန်းက ကျောင်းဆရာပြောတာ နားထောင်နေသော်လည်း
စိတ်မ၀င်စားပုံဖမ်းလို့ သူ့ရဲ့မဲမဲပြောင်ပြောင်အမွှေးတွေကို ဖွနေတယ်။

ကျောင်းသားတွေကတော့ မဟာသဓဇာတ်ကို တော်တော် စိတ်ဝင်စားနေကြ
ဘီ။ ကျောင်းဆရာလဲ ပတ်ဝန်းကျင်ကို တချက်ကြည့်တော့ သူ့ကို ငေးစိုက်
လို့ နောက်ပြောမှာ ငံလင့်နေသော တပည့်များကိုကြည့်ရင်း.. နဖူးက
ချွေးတွေကို သူ့ ဘောဖျက်နဲ့ ယောင်မှား ပွတ်မိတယ်။

နောက်တော့
မျဉ်းဖြောင့်ပဲ မျဉ်းဖြောင့်ပဲဟု အစပ်အဆက်မရှိရွတ်ကာ ။
မဟောသဓသုံးသွားတာ မျဉ်းဖြောင့်သီအိုရီကွ။

တပည့်တွေတော့မသိဘူး ကိုကျီးကန်းနဲ့ မောင်ကျောက်ခဲ လည်း
မျဉ်းဖြောင့်သီအိုရီဟု ရွတ်ကာ နဝေတိန်တောင်ဖြစ်ကုန်၏။ ထို့နောက်
ကျောင်းဆရာက တပည့်တို့မှတ်ထား။ ကျောင်းဆရာက စာသံပေသံဖြင့် ]

မျဉ်းဖြောင့်နှင့် အမှတ်တစ်ခုအကြား အနီးဆုံးအကွာအဝေးသည် ထိုအမှတ်မှ
မျဉ်းဖြောင့်သို့ ထောင့်မတ်ကျမျဉ်း၏ အရှည်ပင် ဖြစ်သည်}
ဟု ဖတ်ကြားလျှက်။ နောက်ဆက်ရန်အားယူသောအားဖြင့် တမင်လုပ်ယူသော
ချောင်းကို ဟန့်လိုက်သည်။

ငှက်နှင့် အနီးဆုံး နေရာတွင် အပြင်းဆုံးအော်မှ ငှက်လန့်မည်ဖြစ်သဖြင့်
မွန်းတည့်နေ၏ သဘောသဘာဝအရ ငှက်နှင့် မြေပြင် ဆွဲသော မျဉ်း
ထောင့်မတ်ကျသောနေရာတွင် ငှက်အရိပ်ရှိသည်ကို မဟော်သဓာ သိလေ၏
။ ထို့ကြောင့် ထိုအတိုင်း အော်အိ။ အသားတစ် ပြုတ်ကျအိ။ ရှင်းပါပြီနော်။

ဟု ဆိုကာ အပြင်သို့ တချက်ကြည့်ကာ အောင်နိုင်သူအပြုံးဖြင့် ပြုံး၏။

ထိုအခါကိုကျီးကန်းက အာအ အာအ ဟု သရောသံပြုသောအခါ။
မောင်ကျောက်ခဲက

ကျောင်းဆရာရယ် လောစပီကာနဲ့ သာ
မင်းအော်ကြည့်ပါလား။ ဟောဟိုက ကိုကျီးကန်းဆီက ဘာကျလာမလဲလို့
ဟုဆိုကာ တဟဲဟဲလုပ်လျှက်

ကျောက်ခဲနဲ့ကောက်ထုမှ
ဟိုကောင်ကျချင်ကျအုံးမယ် ဟု တီးတိုးရွတ်၏။

ကျောင်းဆရာ။ ဟ ဟိုကောင်ကျီးကန်းက အတွေးလဲ လွန်မနေဘူး။
မင်းလူတယောက်တခုခုကိုက်ရင်း အတွေးလွန်နေတယ်။ သူ့ပါးစပ်ကဟာကို
ပြုတ်ကျလာအောင်ဆို ခင်ဗျား
ကျောက်ခဲနဲ့ထုမလား။ အသံပြုမလား။ ဖြေစမ်းပါအုံး။

မောင်ကျောက်ခဲ။ ဟ မင်းသွားပစ်ပါလား ကျောက်တုံးနဲ့။ ဟိုက
မင်းကိုလိုက်သတ်လိမ့်မယ်။ ခုဟာက ကျီးကန်းကွ။ ပစ်လို့ရတယ်။

ကိုကျီးကန်း။ ဟ ဘာဆိုင်လို့ငါ့ကျောက်ခဲနဲ့ထုရမှာလဲ ။

မင်းတို့ကောင်တွေဟု ဆိုကာ အာအ အာအ ဟု မြည်တွန်တောက်တီး၏။

ကျောင်းဆရာလဲ တော်တော်အကြပ်တွေ့သွားကာ နောက်တကြိမ်
ဘောဖျက်နဲ့ နဖူးက ချွေးကို ထပ်သုပ်၏။ ထို့နောက်စဉ်းစားမိရာရာ
]တိတ်နေတဲ့အချိန် ၊ ကျောက်တုံးနဲ့ထုတဲ့အသံနဲ့ အော်တဲ့အသံ ဘယ်အသံက
ထိတ်လန့်စေမလဲ မင်းစဉ်းစားကြည့်အုံး။}

မောင်ကျောက်ခဲ။ ဟ မင်းကျောက်ခဲနဲ့ အပင်ရဲ့ကိုင်းတွေထဲ
ပစ်ထည့်ကြည့်ပလား။ ဗလော ဗလော နဲ့။ လန့်မှာပေါ့။ ကံကောင်းရင်
ကျီးကန်းပါရအုံးမယ်။

ကိုကျီးကန်း။ ဟဲ သောက်ပလုပ်တုတ်။ ငါ့တော့ ခဲနဲ့မပစ်ကြပါနဲ့။

ကျောင်းဆရာ။ ဟ ကျောက်ခဲရ မင်းသွားတာက ဗလော ဗလောနဲ့
တရွက်ချင်းတိုက်ပြီးမှ အသံက သွားတာ။ ကျယ်လှ ဘယ်လောက်ရှိမှာလဲ ။
မှန်ဖို့က လောက်လေးဆိုတော်သေး။ အသံကတော့ ကျယ်ကျယ်အော်ရင်
အော်သလောက် အသံသွားနှုန်းနဲ့ ရောက်တာကွ။

နောက်ဆုံးတော့ သူတို့နှစ်ဦးအငြင်းပွားလို့ ဇာတ်လမ်းကို မသိမ်းနိုင်ဖြစ်နေ
ကြတော့ ကျောင်းဆရာလဲ ချွေးပြန်နေဘီ။ တပည့်တွေက လဲ တပြုံးပြုံးမို့
ကျောင်းဆရာက အရှက်တော်ထက်မကွဲခင်
အမြန်မဟောသဓဇာတ်သိမ်းလိုက်ပုံက

အော်သံကြောင့် ကျီးကန်းလန့်ပြန်ချိန်
ကျောက်ခဲနဲ့ရမ်းထုလိုက်တော့ ကျီးကန်းကအပြန်မှာ နှုတ်သီးက
အသားတစ်ကို ထိပြီး ပြုတ်ကျလာရဒယ်လို့ အဆုံးသတ်နေ
တုန်း..

ကိုကျီးကန်းက အာအ အာအ ဟု အော်ကာ အခန်းထဲရှိ
စာကြည့်စာပွဲပေါ်လာနား၏။ ထို့နောက် အဖိုးကြီးလေသံနဲ့ စားပွဲ
ဟိုဖက်ထောင့်ဒီဘက်ထောင့် လမ်းလျှောက်ရင်း
မဟောသဓရဲ့ မပီကလာပီကလာ အော်သံကြောင့် ငါလန့်မိပါတယ်။

အသားတစ်မှတ်လို့ယူလာတာက လဲ စားမယ်ကြံတုန်းမဟုတ်မှန်းသိလို့
စိတ်ညစ်ရတဲ့အထဲ ဒီကောင်က ရာရာစစ ငါ့အရိပ်နင်းလို့ အောက်တည့်
တည့်က အော်တော့။ ကဲ လာလေရော့ ထိပ်ပေါ်တည့်တည့်ကျစမ်းဟ
ဆိုဘီး ငါပစ်ချလိုက်ခြင်းသာဖြစ်တယ်ဟု ဆိုကာ အာအ အာအ အော်ရင်း
ပြန်သွားလေမှ မဟောသဓ၏ ကျီးချီအသားတစ်ပြသနာသည် ထိုနေ့က
သင်ခန်းစာ ပြီး၏ဟူ၏ တမုံ။

2 comments: