သစ်ရွက်တွေ လေမှာဝဲတော့
အကြွေစောတာ စိတ်မှာတွေးမိတယ်
သူလာတယ် သူပြန်သွားပြီ
သူဟာကြွေသွားတဲ့ ခရေတစ်ပွင့်
အပင်ခြေကိုလေလာဝေ့တိုင်း
သူဟာ မြေသားနဲ့ထက်တူပါပဲ
မွှေးပျံ့ဆဲ သူ့ရနံ့ဟာ
အမှတ်တရတွေနဲ့ လေပြေသွားနိုင်သရွေ့
သူသွားနေဦးမှာ
အနုပညာသမား လူ့အတ္တတွေရဲ့ကမ္ဘာ
ငြိမ်းချမ်းရာ လောကတနေရာဆီ
မိုးသားတွေရွာချသွားကြလေပြီ
ဒီလိုနဲ့ နေ့တွေ
မနေ့က လိုလို
တနေ့က လိုလို ပေမယ့်
အဆုံးမှာတော့ အမှန်တရားတစ်ခုဟာ အမှန်တရားတစ်ခုသာ
ကဲပါ....(နေပါစေတော့လို့)
ဘာပဲပြောကြပြောကြ
နောက်ထက် ဘာကိုဆိုရဦးမှာလဲ
သူဟာ အကောင်းဆုံးအနုပညာတစ်ခုဖြစ်ခဲ့ပြီပဲ
ကဲ နောက်ထက် ဘာကိုဆိုရဦးမှာလဲ
သူဟာ အကောင်းဆုံးရနံ့တစ်ခုဖြစ်ခဲ့ပြီပဲ
ကဲ နောက်ထက် ဘာကိုဆိုရဦးမှာလဲ
သူဟာ လူသားတစ်ယောက်ရဲ့အနုပညာကို
ရှာတွေ့ သွားတဲ့နောက်မှာ...။
မင်းညိုရဲ့ ချောင်းသာ ပုံရိပ်များ .. တဟားဟားရယ်စရာ လေများ... အကြောင်း ရေးပါဦး..
ReplyDeleteကိုအန်ကြီး ရဲ့ အန်ခဲ့ရသော နေ့ရက်များ လဲ ရေးပါဦး
ReplyDelete