Tuesday, January 12, 2010

ဘၾကီးရဲ့နိဗ္ဗာန္သြားပုံ

အရင်ကလူကြီးများဟာ ဘုရားရှင်ခိုးရင် အသံကျယ်ကျယ်ရှင်ခိုးတတ်ကြတာ သတိထားမိတယ်
အဲဒီတုန်းက ကျွန်တော်က ၁၂သားလောက်ပဲရှိပါသေးတယ်။ ခေါင်းရင်းအိမ်ကအဘွားဆို ညနေ
၈နာရီလောက်ဆို ရှင်ခိုးဘီ။ သူရှိခိုးပြီးတိုင်း ဆုတောင်းလေ့ရှိတယ်။ ဆုတောင်းပုံက
]ယနေ့ယခုပြုရသော ကုသိုလ်ကံစေတနာတို့ကြောင့် နိဗ်ဗာန်မဂ်ဖိုချမ်းသားကို ရက်တိုတိုနဲ့
ယောက်ရပါလို၏ဘုရား} တဲ့။ ဒီအဘွားမှာ မောင်တယောက်ရှိတယ်။ အဘွားဟာ အဲဒီမောင်ရဲ့
သားသမီးဇနီးများနှင့် အတူနေတာပါ။ ကျွန်တော်ပြောမယ့် ဘကြီးဟာ ဒီအဘွားရဲ့မောင်ဖြစ်ပါ
တယ်။ ဘကြီးဟာ တနေ့တနေ့ လယ်တောနဲ့အိမ် ဘဲ အချိန်ကုန်နေတတ်ပါတယ်။ ဒီတော့
အမလုပ်သူက ဘကြီးကို ဘုန်းကျောင်းသွားဖို့။ ဥပုဒ်ယူဖို့ အမြဲနားချနေကြပါ။ ညအိပ်ရာဝင်၊
မနက်လယ်တော မသွားခင် အမြဲဘုရားရှင်ခိုးဖို့ ပြောနေကြ။ ဒီတော ဘကြီးဟာ အဘွားကျေ
နပ်အောင် ရှင်ခိုးပါတယ်။ သို့သော်ဆုတော့ မတောင်းပါဘူး။ အကြောင်းက ဒါကြီးအော်အော်
ဆုတောင်းရင် ဘေးကကြားရင် အမဖြစ်သူတိုင်တာ ဒီအရွယ်ေ၇ာက်မှ လိုက်ဆိုတယ် ထင်မှာစိုး
သတဲ့။ အဘွားကလဲ ကြုံတိုင်း ဆုတောင်းခိုင်းနေတော့ ဘကြီးလဲ စဉ်းစားရဘီ။ ဘယ်လိုဆု
တောင်းရင် ကောင်းမလဲပေါ့။ အဲနောက်မှာတော့ ဘကြီးထွင်လိုက်တဲ့ နိဗ်ဗာန်ဆုတောင်း
ဟာ ပြောစမတ်တွင်လောက်အောင် ၅မိနစ်လောက်ကြာပါလေရော့လား။ သူ့နိဗ်ဗာန်ဆုတောင်း
အပြည့်တော့ မမှတ်မိတော့ပါ။ တကြောင်းဆုံးတိုင်း နိဗ်ဗာန်ရောက် ရပါလို၏ ပါသတဲ့။
တနေ့တော့ အသစ်ငှားထားတဲ့ လယ်စားရင်းငှား ဟာ နံနက်လင်းအားကြီးအချိန် လယ်ထွန်
သွားဖို့ရောက်လာပါတယ်။ ဒီအချိန်ဘကြီးရဲ့ဘုရားရှိခိုးကလဲ ဆုတောင်းခန်းရောက်လို့နေပါဘီ။

စားရင်းငှား။ (အိမ်အောက်မှ အော်သံ) ဘကြီးရေ ကျွန်တော် လယ်ထွန်သွားဖို့ ရောက်ပါဘီ
ဘကြီး။ (..ဆုတောင်းဆဲ) သကျင်း(နွားစာကျွေးခွပ်) ထဲ နွားစာနဲ့ရေထည့်ထား။ နိဗ်ဗာန်ရောက်ရပါလို၏ဘုရား

စာရင်းငှား။ ဘကြီးရေ ဘယ်နွားတွေက လယ်ထွန်ရမှာ တုန်း။
ဘကြီး။ (..ဆုတောင်းဆဲ) နွားပြာရယ် နွားဖြူရယ်။ နိဗ်ဗာန်ရောက်ရပါလို၏ဘုရား

စာရင်းငှား။ ဒီနေ့က ထွန်သွား(မြေသားကို ထိုးခွဲပြီးလှန်သော တချောင်းထဲရှိ အသွားဆူး)
တပ်ရမှာလား၊ ထယ်ဂျစ်သွား(အသွားအများကြီးရှိသော ထွန်ပြီးသားမြေကို မွညက်စေရန်သုံး) တပ်ရမှာလား။
ဘကြီး။ (..ဆုတောင်းဆဲ) ထယ်ဂျစ်သွားတပ်။ နိဗ်ဗာန်ရောက်ရပါလို၏ဘုရား(စိတ်တိုနေဘီ)

ဘကြီး။ (..ဆုတောင်းသံ ခဏရပ်သွားတယ်)

မြန်မြန်အဆုံးသတ်ချင်လာဘီ အဆုံးသတ်ဖို့ အရှင်ဘုရား ဒီနံနက်နိဗ်ဗာန်အား

စာရင်းငှား။ ဘကြီးရေ နွားပြာက ညာကလား နွားဖြူက ညာကလားခင်ဗျား..

ဘကြီး။ ဒီတော့ပြန်ဖြေရင်း ဘကြီးအဆုံးသတ်ပုံက ]နွားပြာအားညာမှထား နွားဖြူအား ဘယ်မှထား ကာ အမြန်ဆုံး
ရောက်ရပါလို၏ ဘုရား}တဲ့ ဗျား...

ထို့နောက်မှာ တော့ ဘကြီးလဲ ထွန်တုံးတပ်ကာ နိဗ်ဗာန်လမ်းဆီ နွားပြာအား ကြိမ်တချက်တို့
နွားဖြူကို ကြိမ်တချက်တို့ရင်း လှမ်းတော်မူသတဲ့။

No comments:

Post a Comment