သီတင်းကျွတ် သီတင်းကျွတ် သီတင်းကျွတ်
လူတိုင်း မှတ်မှတ်ရရရှိနေမည်ထင်ပါသည်။
ဆရာမင်းသုဝဏ်က ပြင်သစ်ပြည်ရောက်တုန်း သူတမ်းတမိပုံကို
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအိုတရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
ဟု သီတင်းကျွတ်အခါသမယကို ဖွင့်ဆိုသွားတယ်။
ကျွန်တော့အတွက် သီတင်းကျွတ်များကို ပြန်တွေးကြည့်တော့
ငတက်ပြားသီတင်းကျွတ်တွေ ပြန်သတိရမိတယ်။
သီတင်းကျွတ်ဆို ပွဲတွေ ရွာပြဇာတ်တွေနဲ့ စည်မြဲ အိမ်တိုင်း ခြံစည်းရိုးတလျှောက်
ဖယောင်းတိုင်တွေ တန်းစီလင်းထိန်မြဲ။
စကားမစပ် တောဓလေ့ တောရွာ ကလေးသူငယ်များဘ၀မှာ
ဆော့စμရှားတယ်။ မိုးဦးကျဆို သရက်စိထောင်ပစ်တယ်။ နွေလယ်တွေမှာ
သားရည်ကွင်းပစ်ကြ၊ လောက်စာလုံး ပစ်ကြ။ ဒီထက်ပိုပြီး ကစားဖို့
ကစားစရာသိပ်မရှိကြပါ။ ထို့ကြောင့်ပေလား သီတင်းကျွတ်သည် ကလေးများ
အတွက်ဆော့စရာညဖြစ်ခဲ့ရသည်။
ကိုယ့်အိမ်နားနီးစပ်ရာကလေးတွေနဲ့ ဖယောင်းတိုင်ခိုးခြင်းသည် ပျော်စရားကောင်းသော
ကစားနည်းတမျိုးဖြစ်ခဲ့သည်။ ဟိုအိမ်ကနည်းနည်း ဒီအိမ်ကနည်းနည်း ခိုးရသမျှ ဖယောင်းတွေ
လုံးလုံးလာလိုက်ကြတာ အားလုံးပေါင်းပြီးအပူပေး အလုံးကြီးရကြသည်။
ထိုဖယောင်းတိုင်အလုံးကြီးကို မီးရှို့ပြီးသကာလ ကလေးများ ၀ိုင်းပတ်ကာ ကစားကြတော့သည်။
ပိုးစုန်းကြူးဖမ်းကြသည်။ အော်ကြ ဟစ်ကြသည်။
ရွာပြဇာတ်ကောင်းမကောင်းမကြည့်တတ်ပါ။ ကလေးသဘာဝ သူများရီရင် လိုက်ရီ ဖြစ်ကြသည်။
ပျဉ်းမငုတ်တိုဇာတ်၊ ရေသည်ပြဇာတ်များ ကြည့်ဖူးသည်ဟုသာမှတ်မိပါသည်။
လူကြီးများကို ရွာထဲပတ်လိုက်ကန်တော့ကြသည် ဘာမျှမရကြပါ။ ဆုသာပေးကြသည်။
ကြွေးစရာမုန့်လဲ မရှိထင်ပါသည်။ သို့သော် ပျော်စရာအလွန်ကောင်းပါသည်။
မှတ်မှတ်ရရ အသက်၂၀အထိ မိဘများကို ကိုယ့်ပိုက်ဆံဖြင့် တခုခုဝယ်ပြီး မကန်တော့ဖူးခဲ့ပါ။
ရန်ကုန်သီတင်းကျွတ်များမှာ ကျွန်တော့အတွက် ပြောစရာသိပ်မရှိပေ။ မိဘကန်တော့ခြင်းဖြင့်သာ
ကျော်လွန်ခဲ့သည်။
ယခုနှစ်သီတင်းကျွတ်တွင် မိဘများရွာပြန်အလှူလုပ်မည်။ လိုက်ချင်လှပါသော်လည်း ရုံးခွင့်မှာ
ဒီဇင်ဘာသာယူရသဖြင့် မာန်လျှော့ကာ အလှူကို ရည်စူးနေမိသည်။ သို့သော် များမကြာမှီတရက်က
ဖုန်းပြောမှ ယခုအလှူမှာ ကျွန်တော်ကန်တော့ထားသော လစဉ်ငွေ တနှစ်စာကို မိဘများက ဘဏ်အပ်ပြီး
အလှူမှာ သုံးမည်ဟု ကြားရသဖြင့် သီတင်းကျွတ်တကာ သီတင်းကျွတ်တွင် ယခုနှစ်သီတင်းကျွတ်သည်
ကျွန်တော့၏ ငတက်ပြားသီတင်းကျွတ်များအတွက် ပြန်လည်ပေးဆပ်ရသည်ဟု ယုံကြည်မိပါသောကြောင့်
ဖယောင်းတိုင်သူခိုးကြီးကျွန်တော်မှာ ၀မ်းသာကြည်နူးစွာဖြင့်
သာဓု
သာဓု
သာဓု။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအိုတရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
(မင်းသုဝဏ်)
Grand Vacation Awaits Resort & Casino - MapYRO
ReplyDeleteGrand Vacation Awaits Resort 순천 출장마사지 & Casino 서울특별 출장샵 시흥 출장샵 Grand Vacation Awaits Resort & 제주도 출장샵 Casino, Resort & Casino, Resort & Casino, Resort & Casino, Resort & Casino 천안 출장샵